Social Icons

Saturday, March 5, 2016

Samsung Galaxy A5 SM-A510 (2016) ဖုန်းကို TWRP Recovery ထည့်သွင်းနည်း


Galaxy A5 SM-A510 (2016) ဖုန်းကို TWRP Recovery ထည့်သွင်းချင်တဲ့ 
ညီအကိုတွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ TWRP ကိုအရင်ထည့်သွင်းပေးရမှာပါ
 TWRP ဖိုင်ကို Odin ကနေ အလွယ်တကူ Flash ပေးပြီးထည့်သွင်းနိုင်ပါတယ်။


ဖုန်းကို Custom Rom များတင်သုံးချင်တာပဲဖြစ်ဖြစ် Facebook/Viber/
WhatsApp/Youtube စသည့် Social Media apps များနဲ့ Brower မှာ မြန်မာစာ
100% မှန်အောင် မြင်ရဖို့က ဒီ TWRP Recovery ထည့်သွင်းပြီးမှ အဆင်ပြေပါတယ်။

လိုအပ်ချက်
=======
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
Galaxy A5 SM-A510 (2016) ဖုန်းများအတွက်သီးသန့်ဖြစ်ပါတယ်။


လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

Click Here to Download Odin 

Samsung USB Driver for Windows



TWRP Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ USB Debugging mode ကိုဖွင့်ထားပါ

ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

ဒေါင်းလော့ရလာတဲ့ TWRP Recovery zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

Odin ကိုဖွင့်ပါ  PDA ဆိုတဲ့နေရာမှာ TWRP Recovery zip ဖိုင်ကိုထည့်လိုက်ပါ။

ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။



အဆင်ပြေပါစေ
myokokoit.blogspot.com

0 comments:

Post a Comment

 
Blogger Templates